တစ်ခုခုကို မသိမသာ လိုအပ်နေသလို
တစ်ခုခုကို တိတ်တိတ်ဆိတ်ဆိတ် ကြေကွဲနေသလိုတစ်ခုခုကို မရေမရာ မျော်လင့်နေသလို
ဘယ်အရာတွေကများ နေတစ်ထောင်အလင်းရောင်ကို ကာဆီးထားပါလိမ့်.....
ဘယ်လိုခေါင်းပါးတဲ့ မီးလျှံတွေကများ လမင်းအစင်းတစ်ရာကို လောင်ကျွမ်းစေပါလိမ့်....
ကွေ့ဝိုက်စွာစီးဆင်းလာတဲ့ စမ်းချောင်းလေးရဲ့ အသေရေဟာ ရင်ကိုအေးမြစေတယ်။ခပ်ပြီးသောက်ရတဲ့ ရေအလျဉ်ဟာ တကိုယ်လုံးကို လန်းဆန်းစေတယ် ကိုယ့်ကိုရေအေးငါးလေးတွေက ဖြတ်ခိုးသွားကြတယ်။စမ်းချောင်းလေးထဲမှာ ကိုယ့်ကိုယ်ကို ပြန်မြင်ရတဲ့ ကိုယ့်ရဲ့စိတ်ဟာ အလွန်တရာမှ စက်ဆုပ်ဖို့ကောင်းလှချည်ရဲ့...။တကယ်တော့...ကိုယ့်ရဲ့တကိုယ်လုံးကိုနှစ်ပြီး သန့်စင်လိုက်ဖို့ပါ။ဒါပေမယ့်...စမ်းချောင်းလေးကတော့ ညစ်ပတ်သွားမလားမသိ...။
No comments:
Post a Comment